
-စစ်အာဏာရှင်စနစ်ကို တော်လှန်နေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အတွက် လိုအပ်သည့် စာ ဝတ်နေရေးနှင့် အထွေထွေထောက်ပံ့မှုများ ဖြည့်ဆည်း ပေးနိုင်ရန် ပြည်သူ့တော်လှန်ရေးထောက်ပံ့တပ် (PRF -People’s Revolution Supply Family)
သူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန် ကြီး ဒေါက် တာဇော်ဝေစိုးက မေတ္တာရပ်ခံပြောဆိုသည်။
ဒေါက်တာဇော်ဝေစိုးက မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များအတွက် ပြည်သူများက ထောက် ပံ့ပေးသည့် အစားအစာနှင့် ရေတစ်ခွက်ပင် တိုက်ပွဲဝင်ရန် အားဖြစ်
တာဇော်ဝေစိုးက ပြောဆိုသည်။
မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များအနေဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေး မလုံ လောက်ဘဲ တိုက်ပွဲဝင်ရန် ခက်ခဲမည်ဖြစ်သဖြင့် တော် လှန်ရေးအောင်မြင်ရေးအတွက် ပြည်သူတိုင်း PRF တွင် ပါဝင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။
PRF သည် PDF တပ်ရင်းများနှင့် စစ်ကြောင်းများ၏ တပ်ရင်းရိက္ခာနှင့် အထွေထွေအသုံးစရိတ်များအတွက် ရန်ပုံငွေထောက်ပံ့ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ရန်ပုံ ငွေများကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ ထောက်ပို့တပ်သားများ နှင့် Fundraiser များက ပါဝင်ထောက်ပံ့နေကြကြောင်း ၊
PRF အစီအစဉ်အောက်တွင် ပြည်သူများက လစဉ် ထောက်ပံ့နိုင်သည့် စနစ်ရှိကြောင်း သိရှိရသည်။
PRF မှ ရရှိသည့် ရန်ပုံငွေများကို PDF တပ်ရင်းများ၏ ရိက္ခာနှင့် အထွေထွေအသုံးစရိတ်များအတွက် ပို့ဆောင် အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများထံ ရန်ပုံ ငွေများ ရောက်ရှိသည့်အခါ PRF ၏ စာမျက်နှာများ မှတစ်ဆင့် ပြန်လည်အသိပေးဖော်ပြကြောင်း သိရှိရသည်။
ထို့အပြင် မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ပြည်သူ့ ကာကွယ်ရေးတပ်သားများနှင့်အတူ ထောက်ပံ့ရေးလုပ် ငန်းများတွင် ပါဝင်နေကြသည့် ပြည်သူများနှင့် နိုင်ငံ တကာမှ Fundraiser များကိုလည်း ကျေးဇူးတင်ဂုဏ် ပြုကြောင်း PRF တပ်ဖွဲ့က ပြောဆိုသည်။
လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံးတွင် PRF အတွက် Credit Card နှင့် Debit Card များကို အသုံးပြု ၍ လစဉ် ထောက်ပံ့နိုင်ပြီဖြစ်ကြောင်း သိရသည်။
NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောပြလာပြီ…,more