ထရမ့်ကြီးကတော့ အတည်ကြီး လုပ်ချလိုက်ပြီ…more



ဒါကြောင့်မို့လို့ မအလနဲ့ အကြမ်းဖက်စစ်တပ်ဘက်က တောင်းဆိုသမျှတွေဟာလည်း အရာထင်တော့မှာ မဟုတ် ပါဘူး။
အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၇ ဘဏ္ဍာရေးနှစ် အတွက် မူးယစ်ဆေးဝါး အဓိက ဖြတ်သန်းရာ ဒါမှမဟုတ် ထုတ်လုပ်ရာ နိုင်ငံများဆိုင်ရာ ထုတ်ပြန်ချက် မှာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ “အထင်
အရှား ပျကကွကခ္ရတ္ နုCC” (Failed demonstrably) အဖြစ် သတ်မှတ်ခံလိုက်ရတာပါ။
အကြမ်းဖက်စစ်တပ်ဘက်က မူးယစ်ဆေးဝါး စီးပွားရေ ကို နှိမ်နင်းဖို့ ကြိုးပမ်းတာမျိုး မရှိသလောက် ဖြစ် နေတာကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု အများဆုံး မူလရင်းမြစ် ဖြစ်လာသလို၊ စိတ်ကြွရူးသွပ် ဆေး (methamphetamine) တင်ပို့ဖြန့်ဖြူးတဲ့ အဓိက နိုင်ငံတစ်ခုအဖြစ်လည်း ဆက်ရှိနေတယ်လို့ ထရမ့်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၁၂ လအတွင်း ဒီလို အထင်အရှား ပျက်ကွက်ခ တဲ့ ၄ နိုင်ငံထဲမှာ မြန်မာနဲ့အတူ အာဖဂန်နစ္စတန်၊ ဘိုလီးဗီ ယားနဲ့ ကိုလံဘီယာတို့ ပါဝင်နေပါတယ်။
6 Foreign Relations Authorization Ac
(FRAA) ပုဒ်မ ၇၀၆ အရ ဒီလို အမည်ပျက်စာရင်း ဝင်သွ ရင် ဥပဒေအရ နောက်ဆက်တွဲ အရေးယူမှုတွေကိုပြုလုပ်လေ့ ရှိပါတယ်။
အဓိကကတော့ မူးယစ်တိုက်ဖျက်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကလွဲလို့ ကျန်တဲ့ စီးပွား ရေးနဲ့ ဖွံ့ဖြိုးရေး အကူအညီ အားလုံးကို ဥပဒေအရ အလိုအလျောက် ပိတ်ပင်ဖြတ်တောက်ရမှာပါ။
ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ IMF နဲ့ ADB ကဲ့သို့သော နိုင်ငံ တကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေမှာလည်း မြန်မာနိုင်ငံ အတွက် ချေးငွေနဲ့ အကူအညီတွေ ထုတ်ပေးဖို့ စိစစ်တဲ့ အခါ အမေရိကန်က မပျက်မကွက် ကန့်ကွက်မဲ ပေးရမှာ ဖြစ်ပါတယ်။
ဒါတင်မကဘဲ မူးယစ်မှောင်ခိုမှုမှာ ပါဝင်နေတဲ့ အကြမ်း ဖက်စစ်တပ် တာဝန်ရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေကို သီးသန့် ဒဏ်ခတ်ပိတ်ဆို့တာ၊ ဘဏ်နဲ့ ဘဏ္ဍာရေး စနစ်အတွင်း အမေရိကန်ဒေါ်လာ သုံးခွင့် ပိတ်ပင်တာ၊
Diplomatic Pressure ခေါ် သံတမန်ရေးအရ တင်းကြပ်စွာ စောင့်ကြည့် ဖိအားပေးတာတွေကိုလည်း ဆက်လက် ဆောင်ရွက်လေ့ ရှိပါတယ်။
ဒါပေမဲ့လည်း လက်ရှိမှာတော့ မြန်မာ၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာတို့ဆီ အကူအညီအချို့ ဆက်ပေးနေတာဟာ အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အရေး ကြီးတယ်ဆိုပြီး ပုဒ်မ ၇၀၆(၃)(အေ) အရ အမျိုးသား အကျိုးစီးပွား ကင်းလွတ်ခွင့် (National Interest Waiver) ပေးထားတာကို တွေ့ရပါတယ်။
ဒါပေမဲ့ ဘဏ္ဍာရေးဆိုင်ရာ တင်းကြပ်မှုတွေကတော့ မလွဲမသွေ ရောက်လာမှာပါ။
ဒါ့အပြင် အမေရိကန်က မူးယစ်ဆေးဝါး အဓိကဖြတ် သန်းရာ သို့မဟုတ် ထုတ်လုပ်ရာ နိုင်ငံပေါင်း ၂၃ နိုင်ငံကို သတ်မှတ်ထားရာမှာ မြန်မာအပြင် အာဖဂန်နစ္စတန်၊ ဘာဟားမား၊ ဘလိဇ်၊ ဘိုလီးဗီးယား၊ တရုတ်၊ ကိုလံ ဘီယာ၊ ကော့စတာရီကာ၊ ဒိမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူး နဲ့ ဗင်နီဇွဲလားတို့ ပါဝင်နေပါတယ်။
ဒီစာရင်းမှာ ပါဝင်တာဟာ ပထဝီ၊ ကုန်သွယ်ရေးနဲ့ စီးပွား ရေး အကြောင်းရင်းတွေကြောင့်ဖြစ်ပြီး အစိုးရတွေရဲ့ ပူး ပေါင်းဆောင်ရွက်မှုကို တိုက်ရိုက် ရောင်ပြန်ဟပ် တာတော့ မဟုတ်ပါဘူး။
ဥပမာ – ဗင်နီဇွဲလားဆိုရင် ကြားဖြတ်အစိုးရရဲ့ ပူးပေါင်း မှုကြောင့် ပျက်ကွက်နိုင်ငံ စာရင်းက ပယ်ဖျက်ခံရသလို၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာတို့မှာလည်း အစိုးရသစ် တက်လာရင် ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံကိုလည်း ဖင်တနေးလ် (fentanyl) အပါအဝင် ဓာတုမူးယစ်ဆေးဝါး ရှေ့ပြေးပစ္စည်းတွေ စီး ဆင်းမှုကို ပိုမို ထိရောက်စွာ ထိန်းချုပ်ပေးဖို့ အမေရိကန် က တောင်းဆိုထားပါတယ်”
